Описівенту
" K-Pop ၀ါသနာရှင်လူငယ်များ ၀င်ရောက်ယှဉ်ပြိုင်နိုင်ပြီး စိတ်ပါဝင်စားသူပရိတ်သတ်များ အခမဲ့လာရောက်ကြည့်ရှုပါဝင်နိုင်မယ့် Duwun ရဲ့ Urban Talent : K-Pop Cover (Dance & Sing) ပြိုင်ပွဲ"
Duwun ရဲ့ Urban Talent အစီအစဉ် တတိယမြောက်ခြေလှမ်းအနေနဲ့ Urban Talent : K-Pop Cover (Dance & Sing) ပြိုင်ပွဲလေးစတင်လိုက်ပါပြီ။
Duwun ရဲ့ Urban Talent : K-Pop Cover (Dance & Sing) ပြိုင်ပွဲမှာ Project-K အကအဖွဲ့နဲ့ တေးသံရှင် Sofia Everest တို့ကနေပြီးလာရောက်ကြည့်ရှုသူအားလုံးကို ဖျော်ဖြေပေးသွားမှာဖြစ်တဲ့အကြောင်း လည်းသတင်းကောင်းလေးပါးလိုက်ပါရစေ...။
ဒီပွဲမှာ K-Pop တေးသီချင်းတွေကို Cover အနေနဲ့  ပြန်လည်သီဆိုကပြ ဝင်ရောက်ယှဉ်ပြိုင်ကြရမှာဖြစ်ပြီး အဆိုနဲ့ အက Category နှစ်ခုကို ပြုလုပ်ပေးသွားပါမယ်..။Category တစ်ခုစီအတွက်ပြီး လာရောက်လျှောက်ထားသူများထဲမှ ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိသူများကို Duwun Team မှစီစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်..။
ဒီပွဲလေးမှာ အကဲဖြတ်ဒိုင်များအနေဖြင့် Myanmar Got Talent ရဲ့ Winner ကို Jimmy, Here and Now Dance Group ရဲ့ Leader မဘုတ်နဲ့ ဂီတပညာရှင်များက အကဲဖြတ်အမှတ်ပေးသွားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကိုတစ်ဦိးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး #အဆို Category အတွက် ဆုကြေးအနေနဲ့ Winner - 300,000Ks ၊ Runner up – 200,000Ks ၊#အက Category အတွက် ဆုကြေးအနေနဲ့ …Winner - 400,000Ks ၊ Runner up – 300,000Ks တို့ ကိုချီးမြင့်ပေးသွားမှာဖြစ်ပါတယ်။
ဒီပွဲကို အမိုက်စားဝါတ်ဆင်ပြီးပွဲတက်ရောက်လာတဲ့ပရိတ်သတ်တွေ၊ပြိုင်ပွဲဝင်တွေအတွက်လည်း Best Costume Awards တွေရှိနေမယ်နော်..။
ဒါ့အပြင်ဆုရရှိသူများမှာ Duwun မှပြုလုပ်တဲ့ အစီအစဉ်များ၊ပွဲအခမ်းအနားများမှာ လည်းပါဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။
ဒီလိုထူးခြားတဲ့ Urban Talent : K-Pop Cover (Dance & Sing) ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ စိတ်ဝင်စားတဲ့လူငယ်တွေအနေနဲ့ လည်း Hot Line Number "09-444815400" ကိုရုံးချိန်အတွင်းဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။ ပြိုင်ပွဲဝင် ဖောင်တွေကိုတော့ (၉.၅.၂၀၁၇) နေ့ ကစတင်ပြီး Duwun Media’s Office - ပထမထပ်၊ ဒိုင်းမွန်စင်တာ၊ Building-E ၊ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာရယူနိုင်ပါတယ်။ လူကိုယ်တိုင်မလာရောက်နိုင်ဘူးဆိုရင်လဲ Blue Mark ရရှိထားတဲ့ “Duwun Events” Facebook Page သို့Message ပို့ ပြီး ဖောင်များကိုတောင်းယူနိုင်ပါတယ်။ ဖောင်မှာပါတဲ့ အချက်အလက်တွေကို ပြည့်စုံစွာဖြည့်စွက်ပြီး ရင်တော့ (၁၁.၆.၂၀၁၇) ရက်နေ့နောက်ဆုံးထားကာ အဆိုပါ Facebook Page ရဲ့ Message Box ထဲသို့  ဖြစ်စေ Duwun ရုံးသို့လူကိုယ်တိုင် လာရောက်၍ဖြစ်စေပြန်လည် ပေးပို့နိုင်ပါတယ်။
K-Pop Theme နဲ့ကိုက်ညီအောင်ထူးထူးခြားခြား ပြင်ဆင်ထားမှုတွေနဲ့ ဒီပွဲလေးကို စိတ်ပါဝင်စားသူအားလုံး #အခမဲ့ လာရောက်ကြည့်ရှုနိုင်မှာဖြစ်သလို...ဒီပွဲရဲ့ Sponsor "Ballantines" ကနေ တည်ခင်းတဲ့ Cocktail နဲ့ စားသောက်ဖွယ်ရာတွေကိုလည်းဧည့်ခံပေးသွားမှာမို့လို့လာဖြစ်အောင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။
Дізнатися більше
сховати
Хто йде?
Всі відвідувачі
З Lviv
Друзі
Моїзустрічі
Завантажуйте мобільний додаток 2Event
Для організаторів та відвідувачів івентів:- Афіша подій та квитки онлайн
- Список усіх відвідувачів
- Знайомства та призначення зустрічей
- Пошук попутників і співмешканців
Organizerinfo
івентів
відвідувачів